
"ဓမ္မမိတ်ဆွေများအသင်း၏ ယုံကြည်ချက်နှင့် အဓိဋ္ဌာန်"
ဤဓမ္မမိတ်ဆွေများအသင်းကို
၁၉၉၉-ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ကျွနုပ်တို့ အသင်းသူ၊ အသင်းများသည်
ဓမ္မမိတ်ဆွေများအသင်း၏ အဖွဲ့ဝင်များ ဖြစ်သည့်အလျှောက် ဖော်ပြပါ ယုံကြည်ချက်များကို
လက်ကိုင်ထား၍ အဓိဋ္ဌာန်ပြုပါသည်။
၁။ အသင်းသူ၊ အသင်းသားများနှင့် မြန်မာမိသားစုများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအပေါ်
ပိုမို ယုံကြည် နားလည်လာမည်ဟု ယုံကြည်ခြင်း။
၂။ ထေရ၀ါဒ ဗုဒ္ဓသာသနာသည် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းစွဲ မထားဘဲ လွတ်လပ်စွာ
ပြန့်ပွားလာမည်မှု ယုံကြည်ခြင်း။
၃။ ဗုဒ္ဓဘုရားရှင်၏ စစ်မှန်သော ဓမ္မဒေသနာများကို ပိုမို သဘောပေါက်လာမည်ဟု
ယုံကြည်ခြင်း။
၎။ မြန်မာကလေးသူငယ်များ မြန်မာ့စာပေနှင့် ယဉ်ကျေးမှုကို မြတ်နိုး၍
ထိန်းသိမ်းထားလိုသော မျိုးချစ်စိတ် တိုးပွားလာမည်ဟု ယုံကြည်ခြင်း။
၅။ အသင်း၏ အမှုဆောင်အဖွဲ့နှင့် အသင်းသူ၊ အသင်းသားများသည် မည်သည့် အဖျက်အဆီး၊
အနှောင့်အယှက်မျိုးကိုမဆို ရင်ဆိုင် ကျော်လွှား နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့်
အသင်းတည်တန့် ခိုင်မြဲရေးနှင့် တိုးတက် အောင်မြင် ပြန့်ပွားရေးအတွက်
ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း။
ဤအသင်း၏ တည်တန့် အောင်မြင်နိုင်ရေးအတွက် ဆက်လက် ပံ့ပိုးကြပါရန်
အလုပ်အမှုဆောင်အဖွဲ့မှ လေးစားစွာ ပန်ကြားအပ်ပါသည်။
“အဓိဋ္ဌာန်”
ငါတို့ဖြစ်ရ ဤလောက၀ယ်၊
ဘ၀သမိုင်း မရိုင်းစေရန်၊
စိတ်မာန်မချ မာနမပါ၊ တို့စွမ်းရာဖြင့်
တို့သာသနာ တို့ပြည်ရွာကို၊
သာယာစေမှု လုံ့လပြုအံ့။
***"၂၀၁၀ခုနှစ် - စာရင်းရှင်းတမ်း"*** - ပထမ (၆)လပါတ် အလှူရှင်စာရင်း
***“ဓမ္မသိဒ္ဓိဝတ်အသင်းမှ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။”*** - အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် (၂)နာရီ မှ
(၄)နာရီအထိ ပဌာန်းမြတ် ဒေသနာ၊ ဓမ္မစကြာ၊ အနတ္တလက္ခဏ သုတ်တော်များကို ရွတ်ဖတ်
ပူဇော်ခြင်းနှင့် အဘိဓမ္မာသင်တန်းများ ရှိပါသည်။
- စိတ်ပါဝင်စားသူများ မည်သူမဆို လာရောက်ပူဇော် တက်ရောက် နိုင်ပါကြောင်း
ခင်မင်ရင်းနှီး လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
***“မိဘများ ၀မ်းမြောက်ဘွယ်”***
*
မိမိတို့၏ ရင်သွေး ကလေးငယ်များအတွက် ကျောင်းပိတ်ရက် ကာလများအတွင်း ဗုဒ္ဓဘာသာ
ယဉ်ကျေးမှုသင်တန်းနှင့် မြန်မာစာ အရေး၊ အဖတ်၊ အပြော သင်တန်းများ ရှိပါသည်။
* သင်တန်းများကို English + Pali + Myanmar သုံးဘာသာဖြင့် အရှင်ကေလာသမှ
တာဝန်ယူ သင်ကြား ပို့ချပေးပါမည်။
|